Skip to product information
1 of 1

Zataka

သန့်ရှင်း မက်လင်ချဥ်လျက်ဆား approx (52g)

သန့်ရှင်း မက်လင်ချဥ်လျက်ဆား approx (52g)

Regular price £1.50 GBP
Regular price Sale price £1.50 GBP
Sale Sold out
Tax included. Shipping calculated at checkout.

 မက်လင်ချဥ်လျက်ဆား (တိုင်းရင်းဆေးအမှတ်၁)

သလိပ်ကြောင့် ရင်ကြပ်ခြင်း၊
သလိပ်ပုပ်ခြင်း၊ ချွဲပူထခြင်း၊ချောင်းဆိုးခြင်း
ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း ၊အပုပ်ဆန်ခြင်း
လည်ချောင်းကွဲခြင်း၊လျှာကွဲခြင်း၊လျှာနာခြင်း
အပူဖျားဖျားခြင်းနှင့် အသည်းရောဂါသည်တို့အတွက် အဓိကဆေးဝါးဖြစ်ပါသည်။
လတ်ဆတ်သောဆေးဝါးအရောင်သည်
ဖော်စပ်ပြီးစတွင်ဖြူ၍ နောက်ရက်တွင်ညိုဖျော့ဖျော့နေပါသည်။
လတ်ဆတ်သော ဆေးဝါးအနံ့သည်
​မွှေး၍မွှန်ပြီး မက်လင်ချဥ်နံ့ရပါသည်။
လတ်ဆတ်သောဆေးဝါး၏ အရသာသည်
အေး၊ငန်၊ချဥ်၊ဖန်၊စပ် ဖြစ်ပါသည်။
ဆေးတစ်ဖုံတွင်ပါဝင်သော အဓိက ကုန်ကြမ်းများမှာ
စမုန်မျိုးငါးပါး
ငြုပ်ကောင်း
ပိတ်ချင်း
ချင်းခြောက်
ဖာလာငယ်
ဖာလာကြီး
ဇဝက်သာ
ကျောက်ချဥ်
သိန္ဓော
မက်လင်ချဥ်
တို့ဖြစ်ပါသည်။
ဆေးဝါး၏အာနိသင်
ေချာင်းဆိုးခြင်း၊သလိပ်ကြောင့်ရင်ကြပ်ခြင်း၊သလိပ်ပုပ်ထခြင်း
ချွဲပူထ၍ ညဘက်ဖျားသော သူများ
သလိပ်မရပဲမောဟိုက်၍ ကျပ်သောလေပူပန်းနာတို့ကို သက်သာစေပါသည်။
ခေါင်းကိုက်ခြင်းနှင့်
အော့အန်ခြင်း၊အပုပ်ဆန်ခြင်းတို့ကိုလည်း
သက်သာစေပါသည်
အသည်းရောဂါ တို့အတွက်လည်းအဓိကဆေးဝါးဖြစ်ပါသည်။
ပဋိသန္ဓေရှိ၍ ဝမ်းထဲ၌အပူအောင်းပြီး လည်ချောင်းကွဲခြင်း၊လျှာကွဲခြင်း၊လျှာနာခြင်းတို့ကို မန်ကျည်းမှည့်ရည်နှင့်လည်း‌ကောင်း
အပူဖျားဖျားခြင်း၊အပူလွန်ခြင်းတို့အတွက်လည်း တိုက်နိုင်ပါသည်။
ဆေးတစ်ခွက်စာပမာဏ
လူကြီး ... (လက်ဖက်စားဇွန်းတစ်ဇွန်း)
ကလေး ... (လက်ဖက်စားဇွန်းတဝက်)
ဆေးသောက်ရမည့် အကြိမ်နှင့်ရက်
တစ်နေ့ ၃ကြိမ် နှင့် တစ်ပါတ်၅ရက်
သောက်သုံးနိုင်ပါသည်။
ဆေးဝါး၏ဘေးထွက်ဆိုးကျိုးမရှိပါ။
ဆေးဝါးမှီဝဲနေစဥ် ပူစပ်သောအစာများ၊
ဆီနှင့်ကြော်ထားသော အစာများကိုမစားသုံးသင့်ပါ။
အရည်ရွှမ်းသောအသီးအနှံများ ကိုသာစားသုံးပေးပါ။
View full details